မြန်မာအစ္စလာမ့်စာကြည့်တိုက်အကြောင်း ပိုမိုသိရှိလေ့လာရန်
بِسْمِ اللهِ الرَّحْمٰنِ الرَّحِيْمِ
အနန္တကရုဏာတော်ရှင်၊ အနှိုင်းမဲ့မေတ္တာတော်ရှင် အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။
ဤဝဘ်ဆိုက်သည် မြန်မာမွတ်စလင်များ သာသနာ့အသိအမြင် ပိုမိုကြွယ်ဝလာစေရန်နှင့် မှန်ကန်သော ဗဟုသုတများ ရရှိစေရန် ရည်ရွယ်တည်ဆောက်ထားသော အွန်လိုင်း အစ္စလာမ့်စာကြည့်တိုက် ဖြစ်ပါသည်။ ဤစာကြည့်တိုက်တွင် ကုရ်အာန်ကျမ်းမြတ်နှင့် အနွယ်တော်မွန် အဲဟ်လေဗိုင်သ် (အ.စ) တို့၏ သွန်သင်ချက်များကို အခြေခံသည့် မြန်မာဘာသာပြန် စာအုပ်များ၊ ဆောင်းပါးများနှင့် ဒီဂျစ်တယ်စာစောင်များကို အဓိကထား၍ အခမဲ့ ပညာဒါနပြု စုစည်းတင်ပြထားပါသည်။
🎯 အဓိက ရည်ရွယ်ချက်များ
🤝 သာသနာတွင်း စည်းလုံးညီညွတ်ရေး။ အစ္စလာမ်သာသနာတော်အတွင်းရှိ မဇ်ဟဗ် (ဂိုဏ်းဂဏ) အသီးသီးအကြား အပြန်အလှန် နားလည်မှုနှင့် စည်းလုံးညီညွတ်မှုကို အလေးထား တည်ဆောက်ရန်ရည်ရွယ်ပါသည်။
🌐 ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး။ မတူကွဲပြားသော အခြားဘာသာ သာသနာဝင်များနှင့်အတူ သဟဇာတဖြစ်စွာ၊ စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ရေးကို ရှေးရှုပါသည်။
✨ ဘာသာစကား အတားအဆီးကို ကျော်လွှားရန်။ အစ္စလာမ်သာသနာဆိုင်ရာ အနှစ်သာရများနှင့် တန်ဖိုးရှိသော ကျမ်းစာများကို မြန်မာစာဖတ်ပရိသတ်များ အလွယ်တကူ နားလည်သဘောပေါက်စေရန်ရည်ရွယ်ပါသည်။
🎓 မှန်ကန်သော အသိပညာ ဖြန့်ဝေရန်။ ကုရ်အာန်၊ ဟဒီးစ်တော်များနှင့် သမိုင်းဆိုင်ရာ အချက်အလက်များကို သန့်စင်မှန်ကန်စွာဖြင့် အခမဲ့ ဖြန့်ဝေပေးရန်ရည်ရွယ်ပါသည်။
🚫 ဤဝဘ်ဆိုက်သည် ဘာသာရေးသီးသန့်ဖြစ်သည့်အလျောက် ဤရည်ရွယ်ချက်ကို ညှိုးနွမ်းပျက်စီးစေမည့် မည်သည့်အရေးအသားမျိုးကိုမျှ တင်ပြသွားမည်မဟုတ်ပါ။ နိုင်ငံရေးနှင့် အခြားသာသနာရေးမဟုတ်သော ကိစ္စရပ်များကိုလည်းအလျင်း ဖော်ပြမည်မဟုတ်ပါ။
ဤအွန်လိုင်းစာကြည့်တိုက် ဖြစ်မြောက်ရေးနှင့် သာသနာ့အလင်းရောင် ဖြန့်ဝေနိုင်ရေးအတွက် စေတနာရှေ့ထား၍ အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
ကုရ်အာန်၊ ဟဒီးစ်၊ ဖိကဟ်၊ အကီဒဟ်နှင့် အခြားအရာများ
နေ့စဥ်ဆုတောင်း ဖတ်ရွတ်ရန်နှင့် အထူးဖတ်ရွတ်ရန်ဒိုအာများ
ပညာရပ်ဆိုင်ရာ အစ္စလာမ့်သုတေသနနှင့် လေ့လာဆန်းစစ်ချက်များ
လစဥ်ထုတ် အစ္စလာမစ် နံရံကပ်စာစောင်များနှင့် အီလက်ထရွန်းနစ်စာစောင်များ
မည်သည့်စာအုပ်၊ စာစောင်ကိုမဆို ရာသက်ပန် အခမဲ့ ဖတ်ရှုနိုင်ပါသည်။
စိစစ်အတည်ပြုပြီးသော တိကျမှန်ကန်သည့် အကြောင်းအရာများကိုသာ တင်ပြပါသည်။
ကမ္ဘာအရပ်ရပ်မှ လွယ်ကူစွာ ၀င်ရောက်နိုင်သည့် စာကြည့်တိုက်ဖြစ်ပါသည်။